ရောမ 10:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့မဟုတ် အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ မည်သူဆင်းမည်နည်းဟူ၍လည်း မပြောနှင့် (ဤသည်ကား ခရစ်တော်ကို သေသောသူတို့ထဲမှ ခေါ်ထုတ်ခြင်းဖြစ်၏)”ဟု ဆိုထား၏။ Ver CapítuloCommon Language Bible7 အဘယ်သူသည်မရဏာနိုင်ငံသို့ဆင်းရပါ မည်နည်းဟုမမေးကြနှင့်'' ဟူ၍ဖော်ပြပေ သည်။ (ဆိုလိုသည်မှာခရစ်တော်အားသေခြင်း မှပင့်ရန်)- Ver CapítuloGarrad Bible7 ခ ရစ် တော် ကို သူ သေ တို့ အ ထဲ မှ တက် ကြွ စေ မည် ဟု ဆို လို သော မ ရ ဏာ နိုင် ငံ သို့ မည် သူ ဆင်း အံ့ နည်း ဟူ၍ သော် လည်း ကောင်း မ အောက် မေ့ နှင့် ဟု မြစ် တား သည့် ပြင်၊ Ver CapítuloJudson Bible7 ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာ ကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှာ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း7 သို့မဟုတ် ‘ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူရန် တွင်းနက်ကြီးထဲသို့ မည်သူဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။ Ver Capítulo |
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်