ရောမ 10:21 - မြန်မာ့စံမီသမ္မာကျမ်း21 အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။ Ver CapítuloCommon Language Bible21 သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။ Ver CapítuloGarrad Bible21 ဣ သ ရေ လ လူ မျိုး နှင့် စပ်၍ လည်း ပုန် ကန် ငြင်း ဆန် သော လူ မျိုး အား ငါ သည် တစ် နေ့ လုံး လက် ကမ်း လျက် နေ ပြီ ဟု ဆင့် ဆို ပြန်၏။ Ver CapítuloJudson Bible21 ဣသရေလလူတို့ကို ရည်မှတ်၍ တစ်ဖန် မိန့်တော်မူသည်ကား၊ နားမထောင် ငြင်းဆန်တတ်သော လူမျိုးသို့ တစ်နေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 သို့သော် အစ္စရေးလူမျိုးတို့နှင့်ပတ်သက်၍ ဘုရားသခင်က “တစ်နေ့လုံး ငါ့လက်ကို ကမ်းထားသော်လည်း သူတို့သည် ငါ့ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်ကြ၏” ဟု မိန့်တော်မူ၏။ Ver Capítulo |
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့သည် ငါမိန့်ဆိုသော်လည်း ငါ့စကားကို နားမထောင်ကြ၊ ငါခေါ်သော်လည်း သူတို့မထူးကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို သူတို့အပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။