ရောမ 1:20 - မြန်မာ့စံမီသမ္မာကျမ်း20 တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။ Ver CapítuloCommon Language Bible20 ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။- Ver CapítuloGarrad Bible20-21 ဖန် ဆင်း ထား သော အ ရာ များ ကို ထောက် ရှု သ ဖြင့် နိ စ္စ တန် ခိုး တော် နှင့် ဘု ရား အ ဖြစ် တော် တည်း ဟူ သော ကွယ် ဝှက် ရာ များ ကို ဤ လော က ဖန် ဆင်း သည် က စ၍ ထင် ရှား ပြီး ဖြစ် သော ကြောင့် ဘု ရား သ ခင် ကို သိ လျက် ပင် ဘု ရား အ နေ နှင့် ဘုန်း တော် ကျေး ဇူး တော် ကို မ ချီး မွမ်း ဘဲ အ ဝိ ဇ္ဇာ စိတ်၌ မှောင် ကျ သည့် တိုင် အောင် အ ချည်း နှီး တွေး ဆ ဆင် ခြင် ကြ သော ထို သူ တို့ သည် ထု ချေ ရန် မ ရှိ။ Ver CapítuloJudson Bible20 အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးကို မြင်ကြရပြီ။ ထိုအရာများကို ထောက်ရှု၍ မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်ခြင်း သဘောသဘာဝကို ရှင်းလင်းစွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အကြောင်းကို မသိဟု ဆင်ခြေပေးစရာ မရှိပေ။ Ver Capítulo |