ရုသ 4:7 - မြန်မာ့စံမီသမ္မာကျမ်း7 ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် ရွေးနုတ်ခြင်းအမှု၊ လဲလှယ်ခြင်းအမှုတို့ကို အတည်ပြုရန် တစ်ဦးက အခြားတစ်ဦးအား မိမိ၏ဖိနပ်ကို ချွတ်ပေးရလေ့ရှိသည်မှာ အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးတမ်း ဖြစ်၏။ Ver CapítuloCommon Language Bible7 ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။ Ver CapítuloGarrad Bible7 ဣ သ ရေ လ ရှေး ဟောင်း ထုံး စံ မှာ ရွေး ခြင်း အ မှု၊ လွှဲ ပြောင်း ခြင်း အ မှု ခိုင် ခံ့ စေ ခြင်း ငှါ၊ တစ် ဦး သည် တစ် ဦး သို့ ကိုယ် စီး နင်း သော ဖိ နပ် ကို ချွတ်၍ ပေး အပ် လေ့ ရှိ သည့် အ တိုင်း ပြု လျှင်၊ ဣ သ ရေ လူ မျိုး တွင် သက် သေ အ ဖြစ် တည် ၏။ Ver CapítuloJudson Bible7 ဣသရေလ ရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကို မြဲမြံစေခြင်းငှာ တစ်ယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တစ်ယောက်သောသူအား အပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။ Ver Capítulo |