ရုသ 4:11 - မြန်မာ့စံမီသမ္မာကျမ်း11 မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။ Ver CapítuloCommon Language Bible11 မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။- Ver CapítuloGarrad Bible11 တံ ခါး အ နီး ရှိ မြို့ သူ မြို့ သား အ ပေါင်း တို့ နှင့် လူ ကြီး တို့ က ငါ တို့ သည် သက် သေ ဖြစ် ကြ၏။ သင့် အိမ် သို့ ဝင် ရောက် သူ ဤ မိန်း မ ငယ်၌ ဣ သ ရေ လ အ မျိုး ကို တည် ဆောက် သော ရာ ခေ လ နှင့် လေ အာ တို့ နည်း တူ ထာ ဝ ရ ဘု ရား ပြု တော် မူ ပါ စေ သော။ သင် လည်း ဧ ဖ ရတ် ခ ရိုင်၊ ဗက် လင် မြို့ ပေါ် တွင် သြ ဇာ ကြီး၍ အ သ ရေ တိုး တက် ပါ စေ သော။ Ver CapítuloJudson Bible11 တံခါးဝ၌ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်း ရှိပါစေသော။ Ver Capítulo |