ရုသ 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ Ver CapítuloCommon Language Bible10 ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊ Ver CapítuloGarrad Bible10 ရု သ သည် ဦး ညွှတ် ပျပ် ဝပ် လျက် လူ မျိုး ခြား ဖြစ် သော ကျွန် မ ကို သိ မှတ် ရန်၊ စိတ် တော် နှင့် မည် သည့် အ ကြောင်း ဖြင့် တွေ့ ရ ပါ သ နည်း ဟု လျှောက် ရာ Ver CapítuloJudson Bible10 ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။ Ver Capítulo |
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။
သူ့ယောက္ခမကလည်း “ယနေ့ သင် အဘယ်မှာကောက်သင်းကောက်ခဲ့သနည်း။ အဘယ်မှာ အလုပ်လုပ်ခဲ့သနည်း။ သင့်ကို ခွင့်ပြုသောသူသည် မင်္ဂလာရှိပါစေသော”ဟု ဆိုလျှင် သူက “ယနေ့ အကျွန်ုပ် အလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်၏နာမည်မှာ ဗောဇ ဖြစ်၏”ဟု ဆိုပြီး သူအလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်အကြောင်းကို သူ့ယောက္ခမအား ပြောပြ၏။