ယေရမိ 9:14 - မြန်မာ့စံမီသမ္မာကျမ်း14 သူတို့၏စိတ်တပ်မက်မှုနောက်သို့လိုက်ကြ၏။ သူတို့ဘိုးဘေးများ သင်ကြားပေးခဲ့သည့်အတိုင်း ဗာလဘုရားနောက်သို့လိုက်ကြ၏”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible14 သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။- Ver CapítuloGarrad Bible14 ခက် မာ သော ကိုယ့် သ ဘော အ တိုင်း ဘိုး ဘေး တို့ သွန် သင် ရာ ဗာ လ နတ် များ နောက်၊ လျှောက် လိုက် ခဲ့ ကြ သော ကြောင့်၊ Ver CapítuloJudson Bible14 မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသို့လည်းကောင်း၊ မိရိုးဖလာအတိုင်း ဗာလဘုရားတို့ နောက်သို့လည်းကောင်း လိုက်ကြသောကြောင့်၊ Ver Capítulo |
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။