ယေရမိ 6:16 - မြန်မာ့စံမီသမ္မာကျမ်း
16 ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
Ver Capítulo Copiar
16 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
Ver Capítulo Copiar
16 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် မှာ၊ လမ်း ဆုံ၌ ရပ် နေ၍၊ လမ်း ဟောင်း ဖြစ် သော လမ်း ကောင်း များ ကို မြော် မြင် မေး မြန်း လျက်၊ လိုက် လျှောက် ကြ လော့။ အ သက် ချမ်း သာ ရာ ကို သင် တို့ တွေ့ ကြ လိမ့် မည် ဟု ငါ မိန့် ဆို သော် လည်း၊ မ လိုက် မ လျှောက် ဟု ထို သူ တို့ ငြင်း ဆို ကြ ၏။
Ver Capítulo Copiar
16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
Ver Capítulo Copiar