ယေရမိ 52:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။ Ver CapítuloCommon Language Bible4 ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။- Ver CapítuloGarrad Bible4-5 နန်း စံ ကိုး နှစ်၊ ဒ သ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ အ လုံး အ ရင်း ပါ၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍၊ မြို့ ပတ် လည် တွင် က တုတ် လှန် ပြီး လျှင် ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် တိုင် အောင် တပ် စွဲ ဝိုင်း ထား ကြ ၏။ Ver CapítuloJudson Bible4 ဇေဒကိမင်း နန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုတ်တို့ကို တူးလုပ်ပြီးမှ၊ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။