ယေရမိ 52:27 - မြန်မာ့စံမီသမ္မာကျမ်း27 ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။ Ver CapítuloCommon Language Bible27 မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။ ဤသို့လျှင်ယုဒပြည်သားတို့သည်သုံ့ပန်း များအဖြစ်နှင့် မိမိတို့ပြည်မှသိမ်းသွား ခြင်းကိုခံရကြလေသည်။- Ver CapítuloJudson Bible27 ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည် ရိဗလမြို့၌ ထိုသူတို့ကိုဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။ Ver Capítulo |
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။