ယေရမိ 51:53 - မြန်မာ့စံမီသမ္မာကျမ်း53 ထာဝရဘုရားက “ဘေဘီလုံမြို့သည် မိုးကောင်းကင်သို့တက်၍ မြင့်မားသောရဲတိုက်ကို အခိုင်အမာတည်လျှင်ပင် ငါသည် အဖျက်သမားကိုစေလွှတ်၍ သူတို့ကို တိုက်စေမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible53 အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။ Ver CapítuloGarrad Bible53 ဗာ ဗု လုန် မြို့ သည် ကောင်း ကင် ထိ တက် ၍၊ လုံ ခြုံ ရာ ကုန်း ထိပ် ကို ခံ တပ် သ ဖွယ် ဖြစ် စေ သော် လည်း၊ ငါ့ ထံ မှ၊ လု ယက် သူ တို့ ဖောက် ဝင် ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible53 ဗာဗုလုန်မြို့သည် မိုးကောင်းကင်သို့တက်၍၊ မြို့ရိုးအထွတ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသောသူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။