ယေရမိ 50:45 - မြန်မာ့စံမီသမ္မာကျမ်း45 ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။ Ver CapítuloCommon Language Bible45 သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။- Ver CapítuloGarrad Bible45-46 သိုး သား ငယ် သ ဖွယ် ဖြစ် သော ထို လူ မျိုး ကို ရန် သူ တို့ ဆွဲ ငင် သ ဖြင့်၊ နေ ရာ အ ရပ် ကို အံ့ ဖွယ် သ ရဲ မု ချ ဖြစ် စေ မည်။ ဗာဗု လုန် မြို့ ကို သိမ်း ယူ ပြီ ဟူ သော သ တင်း ကြောင့်၊ မြေ ပ ထ ဝီ လှုပ် ရှား လျက်၊ လူ မျိုး ခြား တို့ တွင် အော် ဟစ် သံ ကို ကြား ရ သည် တ ကား ဟု၊ ဗာ ဗု လုန် မြို့ နှင့် ခါ လ ဒဲ ပြည် အ ပေါ် တွင်၊ ငါ ထာ ဝ ရ ဘု ရား ကြံ စည် ပြ ဋ္ဌာန်း တော် မူ ချက် ကို နာ ခံ ကြ လော့ ဟူ၍ မိန့် တော် မူ ၏။ Ver CapítuloJudson Bible45 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တစ်ဖက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တစ်ဖက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် အားမရှိသောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။ Ver Capítulo |
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။