ယေရမိ 50:19 - မြန်မာ့စံမီသမ္မာကျမ်း19 အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible19 ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။- Ver CapítuloGarrad Bible19 ဣ သ ရေ လ လူ မျိုး ကို ခြံ ရင်း သို့ ငါ ပြန် ပို့ မည် နှင့် အ ညီ၊ ကာ ရ မေ လ တောင်၊ ဗာ ရှာ တောင် ပေါ် တွင် လည်း ကောင်း၊ ဧ ဖ ရိမ် နယ်၊ ဂိ လဒ် နယ် ရှိ ခင် တန်း ပေါ် တွင် လည်း ကောင်း၊ ကျက် စား လျက် အာ ရုံ ပြေ ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible19 ဣသရေလကို သူ၏နေရင်းအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့် ဗာရှန်တောင်ပေါ်မှာကျက်စား၍၊ ဧဖရိမ်တောင်နှင့် ဂိလဒ်တောင်ပေါ်မှာ ဝလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။