ယေရမိ 5:19 - မြန်မာ့စံမီသမ္မာကျမ်း19 ‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။ Ver CapítuloCommon Language Bible19 ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible19 ဤ အ ရေး အ ရာ ရှိ သ မျှ ကို၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် စီ ရင် တော် မူ သ နည်း ဟု မေး မြန်း ကြ လျှင်၊ နေ ပြည် တွင်၊ ငါ့ ကို စွန့် ပယ် လျက် ခြား နား သော ဘု ရား များ အ မှု ကို ဆောင် ရွက် သည့် နည်း တူ၊ သင် တို့ မ ပိုင် သော ပြည် တွင် လည်း၊ မျိုး ခြား မင်း တို့ အ မှု ကို ထမ်း ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible19 သူတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့၏အမှုကို ဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံသားတို့၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်ဟု၊ သင်သည် သူတို့အားဆင့်ဆိုရမည်။ Ver Capítulo |