ယေရမိ 49:22 - မြန်မာ့စံမီသမ္မာကျမ်း22 ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ ပျံတက်ပြီးမှ ဗောဇရမြို့သို့ ထိုးဆင်းလာလေပြီ။ ထိုနေ့ရက်၌ ဧဒုံစစ်သူရဲတို့၏စိတ်နှလုံးသည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်။ Ver CapítuloCommon Language Bible22 ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ Ver CapítuloJudson Bible22 ရန်သူသည်တက်၍ ရွှေလင်းတကဲ့သို့ ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်လိမ့်မည်။ Ver Capítulo |