ယေရမိ 46:8 - မြန်မာ့စံမီသမ္မာကျမ်း8 နိုင်းမြစ်ကဲ့သို့ ဟုန်းဟုန်းထနေသော၊ မြစ်ရေကဲ့သို့ လှုပ်ခါနေသောသူကား အီဂျစ်ဘုရင်ပေတည်း။ သူက “ငါသည် မြေကြီးကို ထ၍လွှမ်းမိုးမည်။ ငါသည် မြို့နှင့်တကွ ထိုမြို့သားတို့ကို ဖျက်ဆီးမည်”ဟု ဆို၏။ Ver CapítuloCommon Language Bible8 ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း ချီတက်လာသူမှာအီဂျစ်နိုင်ငံဖြစ်ပေ သည်။ အီဂျစ်နိုင်ငံက`ငါသည်ချီတက်၍ကမ္ဘာကို လွှမ်းမိုးမည်။ မြို့များနှင့်မြို့သူမြို့သားတို့အားဖျက်ဆီးမည်။ Ver CapítuloGarrad Bible8 အိ ဂျစ် ဘု ရင် သည်၊ နိ လ မြစ် တက် သ ကဲ့ သို့ တက် ခြင်း ကို လည်း ကောင်း၊ လက် ကြား ရေ ခတ် သ ကဲ့ သို့ ခတ် ခြင်း ကို လည်း ကောင်း၊ ပြု လျက်၊ ငါ သည် ချီ တက်၍ မြေ တစ် ပြင် လုံး ကို လွှမ်း မိုး ရာ၊ မြို့ ရွာ များ ကို၊ နေ ထိုင် သူ တို့ ပါ၊ ဖျက် ဆီး မည် ဟု ကြိမ်း ဝါး သည် တ ကား။ Ver CapítuloJudson Bible8 အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့လည်းကောင်း၊ မြစ်ရေစီးသကဲ့သို့လည်းကောင်း တက်လာလျက်၊ ငါသည်ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွ မြို့သားတို့ကိုဖျက်ဆီးမည်ဟု ပြောဆို၏။ Ver Capítulo |