ယေရမိ 46:22 - မြန်မာ့စံမီသမ္မာကျမ်း22 သစ်ခုတ်သမားသည် သစ်ခုတ်ထွက်လာသကဲ့သို့ ရန်သူတို့သည် ပုဆိန်ကိုကိုင်လျက်အလုံးအရင်းနှင့် ချီတက်လာပြီဖြစ်၍ အီဂျစ်ပြည်ထဲမှအသံသည်လည်း လျှောကနဲပြေးထွက်သွားသောမြွေသံကဲ့သို့ ဖြစ်လေပြီ။ Ver CapítuloCommon Language Bible22 ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။ Ver CapítuloGarrad Bible22 ထင်း ခုတ် သူ တို့ ကဲ့ သို့၊ ရဲ တင်း ကိုင် သော ရန် သူ အ လုံး အ ရင်း ချီ လာ သော ကြောင့်၊ မြွေ တွား သံ မျှ သာ ရှိ လိမ့် မည်။ Ver CapítuloJudson Bible22 သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။ Ver Capítulo |
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။