ယေရမိ 45:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထာဝရဘုရားက ‘ကြီးမြတ်သောအရာကို သင်ရှာနေသလော။ မရှာပါနှင့်။ ကြည့်ရှုလော့။ ငါသည် လူအပေါင်းတို့ကို ဘေးအန္တရာယ်သင့်စေမည်။ သင့်ကိုကား သင်ရောက်လေရာရာအရပ်တို့၌ တိုက်ယူပစ္စည်းကဲ့သို့ သင့်အသက်ကို ငါပေးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible5 သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။ Ver CapítuloGarrad Bible5 ကြီး မြတ် သော ကိုယ် ကျိုး ကို သင် ရှာ သ လော။ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ လူ သ တ္တ ဝါ အ ပေါင်း တို့ ၌ ဘေး သင့် စေ မည် ဖြစ် သော ကြောင့်၊ မ ရှာ လင့်။ သင် သွား လေ ရာ ရာ တွင် အ သက် ဆု ကို သာ၊ ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း၊ ထို သူ့ အား ဆင့် ဆို လော့ ဟူ ၍ တည်း။ Ver CapítuloJudson Bible5 သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ ရှာသလော။ မရှာနှင့်။ အကြောင်းမူကား၊ ငါသည် ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင်၊ သင်ရောက်လေရာရာအရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။