ယေရမိ 44:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒဘုရင်ဇေဒကိမင်းကြီးအား သူ့အသက်ကိုရန်ရှာသောသူ၏ရန်သူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်သကဲ့သို့ အီဂျစ်ဘုရင်ဖာရောဟောဖရာကိုလည်း သူ၏အသက်ကိုရန်ရှာသော သူ၏ရန်သူတို့လက်သို့ ငါအပ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible30 ငါသည်ယုဒဘုရင်ဇေဒကိကိုမိမိအား သတ်ဖြတ်လို၍ မိမိ၏ရန်သူဖြစ်သောဗာဗု လုန်ဘုရင်နေဗုခဒ်နေဇာထံအပ်နှင်းသကဲ့ သို့ အီဂျစ်ဘုရင်ဟောဖရာကိုလည်းမိမိ အားသတ်ဖြတ်လိုသောရန်သူများလက် သို့အပ်နှင်းမည်'' ဟုမိန့်တော်မူကြောင်းလူ အပေါင်းတို့အား အထူးသဖြင့်အမျိုး သမီးများအားဆင့်ဆိုလေသည်။ Ver CapítuloGarrad Bible30 ယု ဒ ဘုရင် ဇေ ဒ ကိ ကို၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက်၊ ဗာ ဗု လုန် ဘု ရင် နေ ဗုဒ် နေ ဇာ့ လက် တွင်း သို့၊ ငါ အပ် နှင်း ခဲ့ သည့် နည်း တူ၊ အိ ဂျစ် ဘု ရင် ဖာ ရော ဟော ဖ ရာ ကို လည်း၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့၊ အပ် နှင်း အံ့ သ တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။ Ver CapítuloJudson Bible30 ယုဒရှင်ဘုရင်ဇေဒကိမင်း အသက်၏ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ Ver Capítulo |
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။