ယေရမိ 42:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရားထံ ဆုတောင်းပေးရန် အရှင့်ကိုအကျွန်ုပ်တို့တောင်းဆိုသည်ဖြစ်၍ မိန့်ဆိုတော်မူမည့်စကားသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အကျွန်ုပ်တို့ နားထောင်ပါမည်။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ခြင်းဖြင့် အကျွန်ုပ်တို့ ကောင်းစားပါလိမ့်မည်”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible6 အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။ Ver CapítuloGarrad Bible6 ကျွန် တော် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ကိုယ် တော် ကို တောင်း လျှောက် စေ ကြ သည့် အ တိုင်း၊ ဗျာ ဒိတ် တော် ကောင်း သည် ဖြစ် စေ၊ ဆိုး သည် ဖြစ် စေ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို၊ နာ ခံ၍ ကောင်း စား ရ အံ့ သော ငှာ၊ နာ ခံ ပါ မည် ဟု၊ ယေ ရ မိ အား တောင်း ပန် ကြ ၏။ Ver CapítuloJudson Bible6 အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအားပြောဆိုကြ၏။ Ver Capítulo |
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။