ယေရမိ 42:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် ကာရာ၏သားယောဟနန်၊ ဟောရှာယ၏သားယေဇနိအပါအဝင် စစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့သည် Ver CapítuloCommon Language Bible1 ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊- Ver CapítuloGarrad Bible1 ထို အ ခါ တပ် မှူး တို့ နှင့် တ ကွ၊ ကာ ရာ့ သား ယော ဟ နန်၊ ဟော ရှဲ သား အာ ဇ ရိ တို့ သည်၊ လူ ကြီး လူ ငယ် အ ပေါင်း တို့ ပါ၊ ပ ရော ဖက် ယေ ရ မိ ထံ ချဉ်း ကပ် ပြီး လျှင်၊ Ver CapítuloJudson Bible1 ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍ Ver Capítulo |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။