ယေရမိ 41:5 - မြန်မာ့စံမီသမ္မာကျမ်း5 ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။ Ver CapítuloCommon Language Bible5 ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။- Ver CapítuloGarrad Bible5 မုတ် ဆိတ် ရိတ် ခြင်း၊ အ ဝတ် ဆုတ် ခြင်း၊ ကိုယ် ကို ထိ ရှ ခြင်း ပြု ပြီး သော၊ ရှေ ခင်၊ ရှိ လော၊ ရှ မာ ရိ မြို့ သား ရှစ် ကျိပ် တို့ သည်၊ ဗိ မာန် တော် ၌ ဆက် ကပ် ရန် ပူ ဇော် သ က္ကာ နှင့် လော ဗန် စေး များ ကို ဆောင် သွား ကြ စဉ်၊ Ver CapítuloJudson Bible5 ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။ Ver Capítulo |