ယေရမိ 41:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။ Ver CapítuloCommon Language Bible10 ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။ Ver CapítuloGarrad Bible10 ထို့ နောက် နာ သ နိ သား ဣ ရှေ မေ လ သည်၊ အ ဟိ ကံ့ သား ဂေ ဒ လိ သို့၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွှဲ အပ် ခဲ့ သော မင်း သ မီး တို့ မှ စ၍၊ မိ ဇ ပါ မြို့၌ နေ ရစ် သူ အ ကြွင်း အ ကျန် အ ပေါင်း တို့ ကို သုံ့ ဘမ်း၍၊ အ မ္မုန် အ မျိုး သား တို့ ပြည် သို့ ကူး ဝင် ရန် အ ကြံ နှင့် ထွက် သွား လေ၏။ Ver CapítuloJudson Bible10 ထိုအခါ အဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည်သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။ Ver Capítulo |