ယေရမိ 40:12 - မြန်မာ့စံမီသမ္မာကျမ်း12 သူတို့နှင်ထုတ်ခံရ၍ ရောက်ရာအရပ်ရပ်တို့မှ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ ပြန်လာကြ၏။ ဂျူးလူမျိုးအပေါင်းတို့သည် ထိုမြို့သို့ရောက်ကြ၍ စပျစ်ဝိုင်၊ နွေရာသီသီးနှံနှင့် ဆီတို့ကို အများအပြားစုသိမ်းကြလေ၏။ Ver CapítuloCommon Language Bible12 သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။ Ver CapítuloGarrad Bible12 နှင် ထုတ် ခဲ့ ရာ အ ပြည် ပြည် မှ၊ ယု ဒ ပြည် မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ ပြန် လာ ဝင် ရောက်၍၊ စ ပျစ် ရည် နှင့် အ သီး များ စွာ ကို စု သိမ်း ကြ ၏။ Ver CapítuloJudson Bible12 နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။ Ver Capítulo |
ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။