ယေရမိ 40:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယုဒပြည်သူဂျေရုဆလင်မြို့သားတို့နှင့်အတူ ယေရမိလည်း ကြိုးနှင့်ချည်နှောင်ခံရလျက် ဖမ်းခေါ်သွားခြင်းခံရ၍ ရာမမြို့သို့ရောက်သောအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်က သူ့ကိုပြန်လွှတ်ပေးပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ Ver CapítuloCommon Language Bible1 တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။ Ver CapítuloGarrad Bible1 ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား ခံ ရ သော၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား တို့ နှင့် တ ကွ သံ ကြိုး ဖြင့် ချည် နှောင် လျက်၊ ရာမ မြို့ ရောက် အ ပို့ ခံ ရ သော ယေ ရ မိ ကို ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် လွတ် သွား ခွင့် ပြု ပြီး နောက် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် ယေ ရ မိ သို့ ရောက် လာ ၏။ Ver CapítuloJudson Bible1 ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တစ်ဖန်သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက်လာသည် အရာမှာ၊ ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံရသောအခါ၊ Ver Capítulo |