Biblia Todo Logo
La Biblia Online
- Anuncios -




ယေ​ရ​မိ 4:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ရှင်ဘုရင်​နှင့်​အကြီးအကဲ​တို့​သည် စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တုန်လှုပ်ချောက်ချား​၍ ပရောဖက်​တို့​သည် အံ့အားသင့်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

9 ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​၌​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ​သည်​စိတ်​ပျက်​အား​လျော့​ကြ လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​တ​အံ့ တ​သြ​ဖြစ်​၍ ပ​ရော​ဖက်​တို့​သည်​အံ့​အား သင့်​လျက်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

Ver Capítulo Copiar

Garrad Bible

9 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ထို ကာ လ၌ ဘု ရင် မင်း နှင့် တ ကွ၊ မှူး မတ် တို့ သည် စိတ် ပျက် ကြ လိမ့် မည်။ ပ ရော ဟိတ် တို့ သည် အံ့ ဩ လျက်၊ ပ ရော ဖက် တို့ လည်း အံ့ အား သင့် လျက်၊ ဆို ကြ မည် မှာ၊

Ver Capítulo Copiar

Judson Bible

9 ထို​အ​ခါ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်၊ ပ​ရော​ဖက်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

Ver Capítulo Copiar




ယေ​ရ​မိ 4:9
20 Referencias Cruzadas  

နောက်ဆုံး​၌ မြို့ရိုး​ကျိုးပေါက်​သွား​ပြီး ခါလဒဲ​စစ်သည်​တို့​က မြို့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း ရှင်ဘုရင်​နှင့်တကွ စစ်သူရဲ​အပေါင်း​တို့​သည် ညအချိန်​တွင် ဘုရင့်​ဥယျာဉ်​တော်​အနီး မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ​ထွက်​၍ အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။


အကျွန်ုပ်​၏​စိတ်နှလုံး​သည် မြက်ပင်​ကဲ့သို့ အထိအခိုက်​ခံရ​၍ ခြောက်သွေ့​လျက်​ရှိ​သဖြင့် အကျွန်ုပ်​သည် အစာ​စား​ရန်​ပင် မေ့လျော့​ပါ​၏​။


ထို​နေ့ရက်​၌ အီဂျစ်​ပြည်သား​တို့​သည် မိန်းမ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လက်​တော်​ကို ဝှေ့​တော်မူ​သောကြောင့် သူ​တို့​သည် ထိတ်လန့်​တုန်လှုပ်​ကြ​လိမ့်မည်​။


အီဂျစ်​ပြည်သား​တို့​သည် စိတ်ပျက်​ကြ​လိမ့်မည်​။ သူ​တို့​၏​အကြံအစည်​ကို​လည်း ငါ​ဖျက်ဆီး​မည်​။ ထိုအခါ သူ​တို့​သည် ရုပ်တု​၊ နတ်​၊ နတ်ဝင်သည်​၊ နတ်ထိန်း​တို့​ထံ မေးမြန်း​ကြ​လိမ့်မည်​။


ဖြတ်သွား​သည့်​အခါတိုင်း သင်​တို့​ကို​ယူဆောင်​သွား​မည်​။ နံနက်တိုင်း​၊ နေ့တိုင်း​၊ ညတိုင်း​ဖြတ်သွား​မည်​။ သတင်း​ကြား​ရုံ​ဖြင့် ထိတ်လန့်​ခြင်း​ကို ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​လူမျိုး​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် ဖမ်းမိ​သော​သူခိုး​အရှက်ကွဲ​သကဲ့သို့ အရှက်ကွဲ​ရ​လိမ့်မည်​။


အို သိုးထိန်း​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အော်ဟစ်​ကြ​လော့​။ အို သိုးစု​ခေါင်းဆောင်​တို့​၊ ပြာ​၌​လူး​ကြ​လော့​။ သင်​တို့​ကို​သတ်ဖြတ်​မည့်​နေ့ရက်​၊ တကွဲတပြား​ဖြစ်​စေ​မည့်​နေ့ရက် ရောက်လာ​ပြီ​။ အဖိုးတန်​ပစ္စည်း​ပျက်စီး​သကဲ့သို့ သင်​တို့​ပျက်စီး​ကြ​လိမ့်မည်​။


‘​ဘေဘီလုံ​ဘုရင်​သည် သင်​တို့​နှင့်​သင်​တို့​ပြည်​ကို လာတိုက်​မည်​မ​ဟုတ်​’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သော သင်​တို့​၏​ပရောဖက်​တို့​ကား အဘယ်မှာ​နည်း​။


ကေရုတ်​မြို့​ကို ဝိုင်း​ထား​ကြ​၍ ရဲတိုက်​များ​ကို သိမ်းပိုက်​လိမ့်မည်​။ ထို​နေ့ရက်​၌ မောဘ​စစ်သူရဲ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


နောက်ဆုံး​၌ မြို့ရိုး​ကျိုးပေါက်​သွား​သဖြင့် စစ်သူရဲ​အပေါင်း​တို့ ထွက်ပြေး​ကြ​၏​။ ခါလဒဲ​စစ်သည်​တို့​က မြို့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း စစ်သူရဲ​တို့​သည် ညအချိန်​တွင် ဘုရင့်​ဥယျာဉ်​တော်​အနီး မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ​ထွက်​၍ အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos