ယေရမိ 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။ Ver CapítuloCommon Language Bible4 သင်တို့၏ထာဝရဘုရားတည်းဟူသောငါ နှင့်သင်တို့ပြုသည့်ပဋိညာဉ်ကိုစောင့်ကြလော့။ အချင်းယုဒပြည်သားများနှင့်ယေရုရှလင် မြို့သားတို့၊ ငါ့အားသင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသို့မပြုပါမူသင်တို့ကူးလွန်ခဲ့ သည့်ဒုစရိုက်များကြောင့် ငါ၏အမျက်တော် သည်မီးကဲ့သို့တောက်လောင်လိမ့်မည်။ ယင်းကို ငြိမ်းသတ်မည့်သူလည်းတစ်စုံတစ်ယောက် မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible4 သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ ငါ ထာ ဝ ရ ဘု ရား အ ဖို့ စိတ် နှ လုံး၏ အ ရေ ဖျား ကို ပယ် လျက်၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ပြု ကြ လော့။ အို ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊ Ver CapítuloJudson Bible4 အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရဘုရားအဖို့အလိုငှာ အရေဖျားလှီးမင်္ဂလာကိုခံ၍၊ သင်တို့နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏အကျင့် မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။