ယေရမိ 4:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုနေ့ရက်၌ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့အား “တောကန္တာရရှိတောင်ကတုံးမှ လေပူသည် ငါ၏လူမျိုးသမီးပျိုထံလာလိမ့်မည်။ သန့်ရှင်းသွားစေရန် လှေ့ထုတ်သောလေမဟုတ်။ Ver CapítuloCommon Language Bible11 သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။- Ver CapítuloGarrad Bible11-12 ထို ကာ လ၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ပြည် သူ ပြည် သား တို့ သ တင်း ကြား ရ မည် မှာ ငါ၏ လူ မျိုး သ တို့ သ မီး ကို လှေ့ ယပ် ရန် သော်လည်း ကောင်း၊ စင် ကြယ် စေ ရန် သော် လည်း ကောင်း၊ ပြု သင့် သည် ထက် အား ကြီး သော လေ ပူ ကို၊ သဲ တော ရှိ ကုန်း ထိပ် များ မှ တိုက် စေ မည်။ ငါ သည် ထို လူ မျိုး အား၊ ဆုံး ဖြတ် ချက် များ ကို ထုတ် ဆင့် လိမ့် မည် ဟူ၍ တည်း။ Ver CapítuloJudson Bible11 ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌ မြင့်သောအရပ်က ငါ၏လူမျိုးသတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှာ လာသောလေမဟုတ်။ Ver Capítulo |
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”