ယေရမိ 39:1 - မြန်မာ့စံမီသမ္မာကျမ်း1 ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံ ကိုးနှစ်၊ ဒသမလတွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ချီတက်လာ၍ ဂျေရုဆလင်မြို့ကို ဝိုင်းရံထားလေ၏။ Ver CapítuloCommon Language Bible1 ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမ လ၌ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် မိမိ ၏တပ်မတော်ကြီးတစ်ခုလုံးနှင့်လာရောက်၍ ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။- Ver CapítuloGarrad Bible1-2 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ ကိုး နှစ် ဒ သ မ လ တွင်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ အ လုံး အ ရင်း ပါ၊ ယေ ရု ရှ လင် မြို့ ကို ချီ တက် ၍ ဝိုင်း ထား သည် နှင့် ဇေ ဒ ကိ မင်း နန်း စံ ဆယ့် တစ် နှစ် စ တု တ္ထ လ ကိုး ရက် နေ့ တိုင် ရောက် သော် မြို့ ရိုး ပေါက် ၍ မြို့ ကို လည်း သိမ်း ယူ ပြီး လျှင်၊ Ver CapítuloJudson Bible1 ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွလာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။ Ver Capítulo |
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။