ယေရမိ 35:16 - မြန်မာ့စံမီသမ္မာကျမ်း16 ရေခပ်၏သား ယောနဒပ်၏သားစဉ်မြေးဆက်တို့သည် သူတို့အားမှာကြားထားခဲ့သည့် သူတို့ဘိုးဘေးတို့၏စကားကို လိုက်နာကြသော်လည်း ဤလူမျိုးမူကား ငါ့စကားကို နားမထောင်ကြပါတကားဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible16 ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။- Ver CapítuloGarrad Bible16 သို့ ဖြစ် ၍ ရေ ခပ် သား ယော န ဒပ် သား စဉ် မြေး ဆက် တို့ သည် အ ဘ မှာ ထား ချက် ကို အ တည် ပြု လျက် နှင့် ငါ၏ ဗျာ ဒိတ် ကို ဤ လူ မျိုး နား မ ထောင် ဘဲ နေ ကြ သည့် အ တွက် ကြောင့်၊ Ver CapítuloJudson Bible16 ရေခပ်သားဖြစ်သော ယောနဒပ်၏သားမြေးတို့သည် မိမိတို့အဘ မှာထားသောစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊ Ver Capítulo |
ရေခပ်၏သားယောနဒပ်က မိမိအမျိုးသားတို့အား စပျစ်ဝိုင်မသောက်ရဟု မှာကြားခဲ့သည့်ပညတ်ကို သူတို့စောင့်ထိန်းကြ၏။ ရေခပ်အမျိုးသားတို့သည် သူတို့ဘိုးဘေး၏စကားကို နားထောင်လျက် ယနေ့ထိတိုင် စပျစ်ဝိုင်မသောက်ဘဲနေကြ၏။ သင်တို့မူကား ငါအကြိမ်ကြိမ်ဆင့်ဆိုသော်လည်း ငါ့စကားကိုနားမထောင်ကြ။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။