ယေရမိ 31:35 - မြန်မာ့စံမီသမ္မာကျမ်း35 နေ့အချိန်၌ အလင်းရောင်ရရှိရန် နေကိုပေးသောအရှင်၊ ညအချိန်၌ အလင်းရောင်ပေးရန် လနှင့်ကြယ်များကို ပြဋ္ဌာန်းသောအရှင်၊ ပင်လယ်ရေကိုထကြွစေသောအရှင်၊ လှိုင်းတံပိုးကိုမြည်ဟိန်းစေသောအရှင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။ Ver CapítuloCommon Language Bible35 ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။ Ver CapítuloGarrad Bible35 နေ့ အ လင်း အ ဖြစ် နေ ကို လည်း ကောင်း၊ ညဉ့် အ လင်း အ ဖြစ်၊ လ နှင့် ကြယ် ၏ ဓ မ္မ တာ တ ရား ကိုလည်း ကောင်း၊ စီ ရင် တော် မူ ထ သော၊ သ မု ဒ္ဒ ရာ ကို ထ ကြွ စေ၍ လှိုင်း တံ ပိုး ကို ဟုန်း စေ တော် မူ ထ သော၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ တော် ရှိ သော ထာ ဝ ရ ဘု ရား က၊ Ver CapítuloJudson Bible35 နေ့အချိန်၌ လင်းစရာဖို့ နေကိုခန့်ထား၍၊ ညအချိန်၌ လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသောဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ Ver Capítulo |
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။