ယေရမိ 31:22 - မြန်မာ့စံမီသမ္မာကျမ်း22 အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။ Ver CapítuloCommon Language Bible22 သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။ အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible22 အို ဖောက် ပြန် သော သ တို့ သ မီး၊ လှည့် လည် ၍နေ သည် မှာ၊ မည် မျှ ကြာ ဦး မည် နည်း။ မြေ ပေါ် တွင် မ ဖြစ် ဘူး မြဲ၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း ခြင်း ကား၊ မိန်း မ သည် ယောက်ျား ကို ခြံ ရံ ခြင်း တည်း။ Ver CapítuloJudson Bible22 အို ဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံး လှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်းလိမ့်မည်။ Ver Capítulo |
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။