ယေရမိ 30:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့ မေးမြန်းကြည့်ကြလော့။ ယောက်ျားသည် သားဖွားနိုင်သလော။ ယောက်ျားအပေါင်းတို့သည် သားဖွားသောမိန်းမကဲ့သို့ မိမိတို့ခါးကိုနှိပ်၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ Ver CapítuloCommon Language Bible6 မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။ Ver CapítuloGarrad Bible6 ယောက်ျား သည် မီး ဖွား မ ဖွား မေး ကြည့် ကြ လော့။ မီး ဖွား သော မိန်း မ ကဲ့ သို့ ယောက်ျား တိုင်း ခါး နှိပ် လျက်၊ မျက် နှာ ဖြူ လျော် နေ သည် ကို ငါ မြင် ရ သည် တ ကား၊ အ သို့ နည်း။ Ver CapítuloJudson Bible6 ယောက်ျားသည် သားဖွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဖွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာပျက်လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ Ver Capítulo |