ယေရမိ 30:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင့်ဒဏ်ရာအတွက် အဘယ်ကြောင့်အော်ဟစ်ရသနည်း။ သင်၏ဝေဒနာ ပျောက်ကင်းနိုင်မည်မဟုတ်။ သင်၏အပြစ်ကြီးမား၍ သင်၏ဒုစရိုက်များပြားသောကြောင့် သင့်ကို ငါဤသို့ပြုခြင်းဖြစ်၏။ Ver CapítuloCommon Language Bible15 သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့် ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။ သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။ Ver CapítuloGarrad Bible15 ဒဏ် ချက် အ တွက် အ ဘယ့် ကြောင့် အော် သ နည်း။ အ နာ သည် ကု၍ မ ရ ဖြစ် ၏။ ဒု စ ရိုက် များ ပြား လျက် ပြစ် မှု တိုး ပွား သ ဖြင့်၊ ထို အ တိုင်း ငါ စီ ရင် လေ ပြီ။ Ver CapítuloJudson Bible15 သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသောဒုစရိုက် များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။ Ver Capítulo |
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။