ယေရမိ 30:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible11 ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible11 ငါ သည် ကယ် လွှတ် ရန် သင် နှင့် အ တူ ရှိ ၏။ သင် တို့ ကွဲ လွင့် စေ ရာ လူ အ မျိုး မျိုး ကို၊ ငါ ကုန် ဆုံး စေ သော် လည်း၊ သင့် ကို ကား၊ အ ပြစ် ကင်း သည် ဟု မ မှတ် လျက် ပင်၊ တ ရား သ ဖြင့် သာ ဆုံး မ လျက်၊ ကုန် ဆုံး စေ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible11 တစ်ဖန် မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်ခြင်းငှာ သင်နှင့်အတူငါရှိ၏။ ငါသည် သင့်ကို ငါကွဲပြားစေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန်ဆုံးမမည်။ Ver Capítulo |