ယေရမိ 3:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကိုယ်တော်သည် အမျက်အစဉ်ထွက်တော်မူမည်လော။ အမျက်မပြေဘဲ နေတော်မူမည်လော”ဟု ဟစ်ခေါ်ပြောဆိုခဲ့ပြီးမှ သင်သည် မကောင်းမှုများကို အစွမ်းကုန်ပြုပါသည်တကား။ Ver CapítuloCommon Language Bible5 ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible5 အ မျက် တော် ကို အ မြဲ ထား တော် မူ မည် လော။ အ စဉ် စိတ် ရှိ တော် မူ မည် လော ဟု ယ ခု က ပင် ငါ့ အား ဟစ် သည် မ ဟုတ် လော။ ထို သို့ ဟစ် သော် လည်း၊ ဆိုး သွမ်း မှု ကို ပြု လျက်၊ ကြံ တိုင်း အောင် ခဲ့ လေ ပြီ တ ကား ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible5 ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည်လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။ Ver Capítulo |
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။