ယေရမိ 29:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။ Ver CapítuloCommon Language Bible26 ``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။- Ver CapítuloJudson Bible26 သင်သည် ဗိမာန်တော်၌ လူစောင့်ကိုခန့်ထားသဖြင့်၊ ပရောဖက်လုပ်သောအရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။ Ver Capítulo |
ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး ယဇ်ပလ္လင်များ၊ ရုပ်တုများကို အကုန်အစင်ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။ ယောယဒသည် ထာဝရဘုရား၏အိမ်တော်တွင် အစောင့်များကို ချထားပြီးလျှင်
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။