ယေရမိ 26:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။ Ver CapítuloCommon Language Bible15 သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ Ver CapítuloGarrad Bible15 သို့ ရာ တွင် ထို အ ချက် ဟူ သ မျှ ကို ဆင့် ဆို ရန်၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် မှန် လျက် ပင်၊ ငါ့ ကို သေ ဒဏ် ခတ် လျှင်၊ သင် တို့ မှ စ၍၊ မြို့ တော် နှင့် မြို့ သူ မြို့ သား တို့ အ ပေါ် တွင်၊ အ ပြစ် ကင်း သူ ၏ သွေး ပြစ် သင့် မည့် အ ကြောင်း၊ မု ချ သိ မှတ် ကြ လော့ ဟု၊ မှူး မတ် တို့ နှင့် လူ ပ ရိ သတ် အား၊ ထု ချေ ပြီး နောက်၊ Ver CapítuloJudson Bible15 သို့ရာတွင်၊ ငါ့ကိုသတ်လျှင် အပြစ်မရှိသောအသွေးကို သင်တို့သည် ကိုယ်အပေါ်သို့လည်းကောင်း၊ ဤမြို့နှင့် မြို့သားတို့ အပေါ်သို့လည်းကောင်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကားအလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။ Ver Capítulo |