ယေရမိ 23:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် ပရောဖက်တို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ရှိပရောဖက်တို့ အစပြုလိုက်သော မကောင်းမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လေပြီ။ ထို့ကြောင့် ငါသည် သူတို့အား ဒေါနကိုစားစေမည်။ အဆိပ်ရေကို သောက်စေမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible15 သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည် ယေရုရှလင်မြို့မှပရောဖက်များနှင့် ပတ်သက်၍မိန့်တော်မူသည်မှာ``သူတို့အား ဒေါနပင်များကိုငါကျွေးမည်။ အဆိပ်ပါသောရေကိုလည်းသောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ပြည်တော် တစ်ဝှမ်းလုံးတွင်၊ ဘုရားမဲ့တရားမဲ့သောအမှုများကိုပျံ့နှံ့စေ ကြသောကြောင့်ဖြစ်၏'' ဟူ၍ဖြစ်ပါ၏။ Ver CapítuloGarrad Bible15 ထို့ ကြောင့် ပ ရော ဖက် တို့ ကို ရည် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် တို့ အ စ ပြု သော၊ လူ သ ရော် လူ ပျက် သ ဘော သည်၊ ပြည် လုံး ကျွတ် အ နှံ့ အ ပြား ရောက် ပြီး ဖြစ်၍၊ ထို ပ ရော ဖက် တို့ အား၊ ခါး သော ခဲ ဖွယ် သောက် ဖွယ် ကို၊ ငါ တိုက် ကျွေး မည် ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible15 ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သားပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တစ်ပြည်လုံးကို နှံ့ပြားလေပြီ။ Ver Capítulo |