ယေရမိ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့က ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပြီးလျှင် ချောက်ပေါများသောသဲကန္တာရ၊ ခြောက်သွေ့၍သေမင်းအရိပ်လွှမ်းမိုးရာ၊ နေထိုင်သွားလာသူမရှိရာ တောကန္တာရတစ်လျှောက် ပို့ဆောင်တော်မူသောထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ Ver CapítuloCommon Language Bible6 ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။ Ver CapítuloGarrad Bible6 ထို သူ တို့ က၊ အိ ဂျစ် ပြည် မှ ငါ တို့ ကို ထုတ် ဆောင် ပြီး လျှင် က န္တာ ရ တစ် လျှောက်၊ သဲ တော များ၊ ပပ် ကြား များ နှင့် ပြည့် သော ပြည်၊ သွေ့ ခြောက်၍ သေ ခြင်း အ ရိပ် ကျ သော ပြည်၊ ဖြတ် သန်း သူ၊ နေ ထိုင် သူ ကင်း သော ပြည် တစ် လျှောက်၊ ပို့ ဆောင် တော် မူ သော ထာ ဝ ရ ဘုရား အ ဘယ် မှာ နည်း ဟု မ မေး ခဲ့ ကြ လေ။ Ver CapítuloJudson Bible6 သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှကယ်နုတ်၍၊ တောတစ်လျှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့် ပြည့်စုံသောပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသော ပြည်တစ်လျှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။ Ver Capítulo |
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။