ယေရမိ 2:37 - မြန်မာ့စံမီသမ္မာကျမ်း37 သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။ Ver CapítuloCommon Language Bible37 သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။'' Ver CapítuloGarrad Bible37 သင် မှီ ခို ရာ မှီ ခို ကြောင်း များ ကို၊ ငါ ထာ ဝ ရ ဘု ရား စွန့် ပယ် သည့် အ လျောက်၊ အ ကြံ မ မြောက် သော ကြောင့်၊ ထို ပြည် မှ ပင်၊ ထိပ် ထက် လက် တင်၍ သင် ထွက် သွား ရ လိမ့် သ တည်း ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible37 သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာတင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည်ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။ Ver Capítulo |
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။