ယေရမိ 17:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုသူသည် ရေရှိရာတွင်စိုက်ထား၍ မြစ်နားအထိအမြစ်ဖြာသောအပင်ကဲ့သို့ဖြစ်မည်။ နေအပူဒဏ်ကို မကြောက်၊ မိုးခေါင်သောနှစ်တွင်လည်း မစိုးရိမ်။ အရွက်များ စိမ်းလန်းလျက်ရှိ၏၊ အသီးလည်း ပြတ်မည်မဟုတ်။ Ver CapítuloCommon Language Bible8 ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။'' Ver CapítuloGarrad Bible8 ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။ Ver CapítuloJudson Bible8 ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။ Ver Capítulo |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။