ယေရမိ 17:3 - မြန်မာ့စံမီသမ္မာကျမ်း3 အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။ Ver CapítuloGarrad Bible3-4 လွင် ပြင် ရှိ အို ငါ့ တောင် တော်၊ သင့် ပြစ် မှု အ တွက်၊ ကာ လ အ စဉ် တောက် လောင် တော် မူ သော ဒေါ သ မီး ကို မွေး ကြ သော ကြောင့်၊ တစ် ပြည် လုံး ရှိ စည်း စိမ် ဘ ဏ္ဍာ ကိုလည်း ကောင်း၊ မြင့် ရာ ဌာ န များ ကိုလည်း ကောင်း၊ လု ယက် ဥစ္စာ အ ဖြစ် ငါ လွှဲ အပ် သည့် ပြင်၊ ငါ အ ပိုင် ပေး ခဲ့ သော ပြည် ကို၊ သင် လက် လွှတ် ရ မည့် အ လျောက်၊ မ ရောက် ဘူး သော ပြည် တွင် ရန် သူ တို့ အ မှု ကို ထမ်း စေ မည်။ Ver CapítuloJudson Bible3 အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာနှင့် သိုထားသမျှသောဥစ္စာကိုလည်းကောင်း၊ ပြည်တစ်လျှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကိုလည်းကောင်း၊ လုယူသောသူတို့လက်သို့ ငါအပ်မည်။ Ver Capítulo |
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို