ယေရမိ 16:10 - မြန်မာ့စံမီသမ္မာကျမ်း
10 ဤစကားအလုံးစုံကို ဤလူမျိုးအား သင်ပြောပြသောအခါ သူတို့က ‘ထာဝရဘုရားသည် ဤမျှလောက်ကြီးမားသောဘေးအန္တရာယ်ကို ငါတို့အား အဘယ်ကြောင့် ပေးတော်မူသနည်း။ ငါတို့၏အပြစ်ကား အဘယ်နည်း။ ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားသောအပြစ်ကား အဘယ်နည်း’ဟု မေးကြလိမ့်မည်။
Ver Capítulo Copiar
10 ``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
Ver Capítulo Copiar
10 ထို ဗျာ ဒိတ် တော် ချက် ဟူ သ မျှ ကို သင့် ထံ ကြား နာ ရ သော ဤ လူ မျိုး က၊ ထို မျှ လောက် ဆိုး သော ဘေး အ လုံး စုံ ကို၊ ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် ပြ ဋ္ဌာန်း တော် မူ သ နည်း။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ ပြစ် မှား မိ သော ဒု စ ရိုက် ပြစ် မှု ကား၊ အ ဘယ် နည်း ဟု မေး ကြ သည့် ကာ လ၊
Ver Capítulo Copiar
10 သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအားကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှလောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသောအပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊
Ver Capítulo Copiar