ယေရမိ 12:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့သည် ငါ့လယ်မြေကို လူသူကင်းမဲ့ရာဖြစ်စေပြီ။ လူသူကင်းမဲ့သောလယ်မြေသည် ငါ့အား ငိုကြွေးမြည်တမ်းပြပြီ။ မည်သူမျှအလေးမထားကြသောကြောင့် ပြည်တစ်ပြည်လုံးပျက်စီးသွားလေပြီ။ Ver CapítuloCommon Language Bible11 သူတို့သည်ထိုပြည်ကိုမြေရိုင်းဖြစ်စေကြ လေပြီ။ ထိုပြည်သည်ငါ၏ရှေ့မှောက်၌လူသူ ကင်းမဲ့လျက်ရှိ၏။ တစ်ပြည်လုံးပင်စွန့်ပစ်ခြင်းခံရ၍အဘယ်သူမျှ ဂရုမစိုက်ကြ။ Ver CapítuloGarrad Bible11 ဆိတ် ညံ ရာ အ ဖြစ် ထား ကြ သော ပြည် သည်၊ မြည် တမ်း လျက် နေ ရှာ၏။ နှ လုံး သွင်း သူ မ ရှိ သည့် အ တွက်၊ ပြည် လုံး ကျွတ် ဆိတ် ညံ ရာ ရောက် ခဲ့ ပြီ။ Ver CapítuloJudson Bible11 သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံလျက်ရှိ၍၊ ငါ့အားညည်းတွားလေ၏။ တစ်ပြည်လုံးပျက်စီးသော်လည်း၊ အဘယ်သူမျှ ပမာဏမပြုတတ်။ Ver Capítulo |
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။