ယေရမိ 11:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။ Ver CapítuloCommon Language Bible14 ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible14 သင် မှာ မူ၊ ဤ လူ မျိုး အ ဖို့ ဆု တောင်း ခြင်း၊ ပ ဌ နာ ပြု ခြင်း၊ တောင်း လျှောက် ခြင်း များ ကို မ ပြု ရ။ ဒု က္ခ တွေ့ သည့် ကာ လ၊ ငါ့ ထံ ဟစ် ကြ သော် လည်း၊ နား ညောင်း မည် မ ဟုတ် ဟု ငါ့ အား မိန့် တော် မူ ၏။ Ver CapítuloJudson Bible14 သို့ဖြစ်၍ သင်သည် ဤလူမျိုးအဖို့ ပတ္ထနာမပြုနှင့်။ သူတို့အဖို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သောစကားကို ငါနားမထောင်။ Ver Capítulo |
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။