ယေဇကျေလ 9:7 - မြန်မာ့စံမီသမ္မာကျမ်း7 “သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။ Ver CapítuloCommon Language Bible7 ဘုရားသခင်က``ဗိမာန်တော်ကိုညစ်ညမ်း စေကြလော့။ တံတိုင်းများကိုလူသေကောင် များဖြင့်ပြည့်စေကြလော့။ အလုပ်စ၍ လုပ်ကြလော့။'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုသူခြောက်ယောက်တို့သည်မြို့တွင်းရှိ လူတို့ကိုစတင်သတ်ဖြတ်ကြ၏။ Ver CapítuloGarrad Bible7 ဗိ မာန် တော် ကို မ သန့် အောင် ပြု လော့။ တံ တိုင်း များ ကို လည်း၊ အ လောင်း များ ဖြင့် ပြည့် စေ ပြီး မှ၊ ထွက် သွား ကြ လော့ ဟူ သော အ မိန့် တော် အ ရ ထွက် သွား လျက်၊ မြို့ တွင်း ၌ ကွပ် မျက် ကြ လေ၏။ Ver CapítuloJudson Bible7 တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။ Ver Capítulo |