ယေဇကျေလ 7:26 - မြန်မာ့စံမီသမ္မာကျမ်း26 ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။ Ver CapítuloCommon Language Bible26 ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။- Ver CapítuloGarrad Bible26 ဘေး အ ထပ် ထပ်၊ သ တင်း ဆိုး အ ထပ် ထပ် ရောက် သော်၊ ပ ရော ဖက် ထံ ဗျာ ဒိတ် ရူ ပါ ရုံ ကို ရှာ၍ မ တွေ့ ကြ သည့် ပြင်၊ ပ ရော ဟိတ်၌ ပ ညတ် တ ရား၊ လူ ကြီး၌ အ ကြံ ပ ညာ ပြတ် စဲ သ ဖြင့်၊ Ver CapítuloJudson Bible26 ဘေးတစ်ခုနောက်တစ်ခု၊ သတင်းတစ်ခု နောက်တစ်ခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။ Ver Capítulo |
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။