ယေဇကျေလ 7:11 - မြန်မာ့စံမီသမ္မာကျမ်း11 ရက်စက်ကြမ်းကြုတ်မှုသည် တောင်ဝှေးဆိုးအဖြစ်သို့ ပြောင်းလဲကြီးထွားလေပြီ။ ထိုအခါ သူတို့ကိုယ်တိုင်မှစ၍ သူတို့၏လူအလုံးအရင်း၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု စသည်တို့လည်း တစ်ခုမျှကျန်ရှိတော့မည်မဟုတ်။ Ver CapítuloCommon Language Bible11 အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။ Ver CapítuloGarrad Bible11 ရက် စက် ကြမ်း ကြုတ် ခြင်း တိုး ပွား လျက်၊ ဆိုး သွမ်း ခြင်း လှံ တံ ဖြစ် သ ဖြင့် စည် ကား ခြင်း၊ ပြန့် ပြော ခြင်း၊ ဧ တ ဒဂ် ဖြစ် ခြင်း၊ တစ် ယောက် မ ကျန်၊ ပြတ် စဲ လေ ပြီ။ Ver CapítuloJudson Bible11 ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာ ပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ် တစ်စုံတစ်ယောက်မျှ မကျန်ကြွင်းရ။ သူတို့အဖို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ Ver Capítulo |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။