ယေဇကျေလ 47:7 - မြန်မာ့စံမီသမ္မာကျမ်း7 မြစ်ကမ်းသို့ ပြန်ရောက်သောအခါ ကမ်းတစ်ဖက်တစ်ချက်တွင် သစ်ပင်များစွာ ပေါက်နေသည်ကို တွေ့ရ၏။ Ver CapítuloCommon Language Bible7 မြစ်ကမ်းပါးသို့ရောက်သောအခါငါ သည်မြစ်ကမ်းနှစ်ဖက်တွင်သစ်ပင်များ စွာပေါက်လျက်နေသည်ကိုမြင်ရ၏။- Ver CapítuloGarrad Bible7 ရောက် စေ သော်၊ မြစ် ကမ်း နှစ် ဘက်၌၊ ပေါ များ သော အ ပင် ကို ပြ ပြီး လျှင်၊ Ver CapítuloJudson Bible7 ပြန်စဉ်အခါ မြစ်နားနှစ်ဖက်၌ များစွာသော အပင်တို့ကို ငါမြင်၏။ Ver Capítulo |
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။